ISP Events
ISP ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများသာ တက်ရောက် ဆွေးနွေးနိုင်တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ဆွေးနွေးပွဲ အမှတ်-၆ ကို ဒီဇင်ဘာ ၂၁ ရက် (စနေနေ့)၊ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ အွန်လိုင်းကတဆင့် ပြုလုပ်သွားပါမယ်။ ‘၂၀၂၄ ခုနှစ်ရဲ့ အဆိုးရွားဆုံးဒဏ်ချက်တွေကို အမျိုးသမီးထုမှာ တွေ့ရတယ်’ ဆိုတဲ့ ခေါင်းစဉ်ကို ISP-Myanmar ရဲ့ Research Network Program က တင်ပြသွားခဲ့ကြပါတယ်။
Hosted by ISP-Myanmar /
on 21/12/2024
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ‘တရုတ်နည်း တရုတ်ဟန် ဆန်ရှင်’ ခေါင်းစဉ်နဲ့အတူ တရုတ်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို ISP-Myanmar ရဲ့ China Studies Program နဲ့ Conflict, Peace & Security Program တို့က နိုဝင်ဘာ ၉ ရက် (စနေနေ့) မွန်းလွဲ ၂ နာရီမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။
Hosted by ISP-Myanmar /
on 09/11/2024
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ‘စကားပြောသောဒေတာ - မြန်မာ့ပဋိပက္ခနှင့် လူမှုဒုက္ခကို လက်ဆုပ်လက်ကိုင် တင်ပြခြင်း’ ခေါင်းစဥ်နဲ့အတူ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကာလအတွင်း အချက်အလက် ကောက်ယူစုဆောင်းမှုအခြေအနေတွေကို ISP-Myanmar ရဲ့ Conflict, Peace & Security Program က အောက်တိုဘာ ၅ ရက်(စနေနေ့) ညနေ ၆ နာရီခွဲမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။
Hosted by ISP-Myanmar /
on 05/10/2024
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ‘ရှင်သူမှာပင် အသက်ရှူရပ်မတတ် - ရေနစ်သူ ဝါးကူထိုးသည့် စစ်မှုထမ်းဥပဒေ’ ကို ISP Research Network ရဲ့ သုတေသနအခြေပြု တွေ့ရှိချက်တွေအပေါ် အခြေခံပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ထိခိုက်သက်ရောက်မှုတွေအကြောင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲက ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ် - ၇ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။
Hosted by ISP-Myanmar /
on 14/07/2024
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲ ‘နေပြည်တော်လိုဂျီ - နေပြည်တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခု’ ကိုဆွေးနွေးခဲ့ကြပါတယ်။ ဒါကို ISP-Myanmar ရဲ့ Conflict, Peace & Security Program က ၂၀၂၄ ခုနှစ် မေ ၁၁ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ် - ၇ နာရီ မှာ ပြုလုပ်ခဲ့ပါတယ်။
Hosted by ISP-Myanmar /
on 11/05/2024
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ပွဲဦးထွက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာက ‘တရုတ်-မြန်မာ ဆက်ဆံရေး စစ်တမ်း (၂၀၂၃) မိတ်ဆက်၊ မြန်မာ့လူကျော်လူမော်များ၏ အထင်နှင့်အမြင်ကို ဆန်းစစ်ခြင်း’ ဖြစ်ပါတယ်။ ဒါကို ISP-Myanmar ရဲ့ China Studies Program က ၂၀၂၄ ခုနှစ် ဧပြီ ၆ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှာ တင်ပြခဲ့ပါတယ်။ ဒီအစီအစဉ်ကို ISP ကပြင် ရပ်ဝန်းသူ ရပ်ဝန်းသားတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
Hosted by ISP-Myanmar /
on 06/04/2024