ISP Data Matters
on February 23, 2022

ကိုဗစ်ကူးစက်မှုနှုန်း တရက်လျှင် သုံးထောင်ဝန်းကျင် ဖြစ်လာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ မျိုးကွဲတွေထက် ကူးစက်နိုင်ခြေ မြင့်မားပြီး ရောဂါလက္ခဏာမပြဘဲ (မပြင်းထန်တဲ့) ကူးစက်ခံရမှု အခြေအနေကတဆင့် အပြင်းအထန် ဖျားနာမှု၊ သေဆုံးမှု အခြေအနေ ကြုံရနိုင်ခြေလည်း ရှိကြောင်း သတိပေးထားပါတယ်။
on February 19, 2022

လူပေါင်း ၉,၀၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရ

စစ်အာဏာသိမ်းပြီး တနှစ်တာကာလအတွင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ငါးကြိမ် ထုတ်ပြန်ထားပါတယ်။ ဒီငါးကြိမ်မှာ လူပေါင်း ၅၀,၀၀၀ ကျော် ပြန်လွှတ်ခဲ့ပေမဲ့ ဒီ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်း ဝန်းကျင်ခန့်ကသာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး အမှုဖွင့်၊ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ခဲ့​​ပါတယ်။
on February 16, 2022

ငါးလအတွင်း ကိုဗစ်ကူးစက်ခံရမှု အမြင့်ဆုံး ပြန်ရောက်လာ

မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့တယ်လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ စစ်ကောင်စီက အိုမီခရွန် တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ၁၅ ကြိမ် သတင်းထုတ်ပြန်ထားပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်အထိ နောက်ဆုံးထုတ်ပြန်ချက်အရ ၃၄၈ ဦး ရှိကြောင်း သိရပါတယ်။
on February 9, 2022

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ၇၃ ရာခိုင်နှုန်းကျော်မှာ တရုတ် ဖြစ်လာ

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ၇၃ ရာခိုင်နှုန်းကျော်ဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။ ကျန် ၂၇ ရာခိုင်နှုန်းဟာ ဂျပန်၊ စင်ကာပူ၊ ထိုင်းနဲ့ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံတွေက ဖြစ်ပါတယ်။ 
on February 2, 2022

တနှစ်တာအတွင်း ဖြစ်ခဲ့သော တိုက်ပွဲများ၊ ဖမ်းဆီးခံရမှုများနှင့် သေဆုံးမှုများ

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် စုစုပေါင်း ၅၄၈,၁၅၄ ဦးထက်မနည်း ရှိခဲ့ပြီး၊ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုက ၄၃၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။