ISP Data Matters
on June 14, 2023

၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက်လာ

၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ အရင်နှစ်တနှစ်လုံးမှာ သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး အထိ ရှိပါတယ်။
on May 31, 2023

စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားငွေ အများဆုံး ဆက်ရနေ

အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ဒီအထဲက ၇၀ ရာခိုင်နှုန်းကျော် (အမေရိကန်ဒေါ်လာ လေးဘီ ယံနီးပါး) ဟာ စွမ်းအင်ကဏ္ဍကို ဝင်ခဲ့တာပါ။
on May 17, 2023

EAOs-PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်မှု ပြန်များလာ

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ပထမ လေးလလပတ်အတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
on May 3, 2023

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်အပြီး နိုင်ငံရေးအကျဉ်းသား ၂,၁၅၃ ဦးအား ပြန်လွှတ်

အာဏာသိမ်းမှုအလွန် နှစ်နှစ်အတွင်း မြန်မာနှစ်ဆန်း ၁ ရက်၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ကဲ့သို့သော အခါကြီးရက်ကြီးများတွင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိပြီး ကဆုန်လပြည့်နေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
on April 27, 2023

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ် ပြေးဒုက္ခသည်အရေအတွက် ၂,၆၉၄,၅၆၇ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလ ကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။