ISP Data Matters
on April 10, 2023

ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ ခုခံတွန်းလှန်မှု အားကောင်းနေတဲ့ ဒေသတွေထဲက နေရာအများစု ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှု လုပ်နေပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာပါတယ်။
on February 23, 2023

တရုတ်အစိုးရနှင့် စစ်ကောင်စီအကြား ကုန်သွယ်မှုတန်ဖိုး ကိန်းဂဏန်း ကွာဟချက်

မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုးကို နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံနီးပါးအထိ ကွာဟချက် ကြီးမားခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီမှ နိုဝင်ဘာလအထိ) ရှစ်လတာကာလအတွင်း ဖြစ်ခဲ့တာပါ။
on January 24, 2023

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
on December 27, 2022

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါး ရှိလာ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
on December 13, 2022

တရုတ်၊ ထိုင်းနှင့် စင်ကာပူတို့ မြန်မာနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်အထိ ဘဏ္ဍာနှစ်လေးခုရဲ့ ကုန်သွယ်မှုအဆင့်တွေကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံက နံပါတ်လေးနေရာ ရောက်လာပြီး ဂျပန်နိုင်ငံကတော့ နံပါတ်ခုနှစ်ကို ကျဆင်းသွားပါတယ်။