ISP Data Matters
on November 22, 2022

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၈၀၀ ကျော် ဖြစ်ပွားခဲ့

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇,၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
on November 8, 2022

နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း နေအိမ်နဲ့ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံတွေ အပါအဝင်) ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
on November 2, 2022

စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဆက်ဝင်

အာဏာသိမ်းမှုအလွန် အခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကဏ္ဍအလိုက် နှိုင်းယှဥ်ကြည့်ရင် စွမ်းအင်ကဏ္ဍကို အများဆုံးဝင်ရောက်ခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော် ရှိခဲ့ပါတယ်။
on October 25, 2022

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁,၆၅၀,၆၁၁ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။
on October 18, 2022

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွားခဲ့

နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် အထဲမှာ အများဆုံးက ကရင်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ ကရင် ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၄,၃၈၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပါတယ်။