ISP Data Matters
on October 4, 2022

အာဏာသိမ်းမှုအလွန် အရပ်သား ၇,၀၀၀ ကျော်အထိ သေဆုံးမှု ရှိလာ

စစ်အာဏာသိမ်းမှုအလွန် နောက်ဆက်တွဲ ပဋိပက္ခဖြစ်စဉ်တွေကြောင့် အခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အရပ်သား သေဆုံးမှု ၇,၁၅၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။
on September 29, 2022

နယ်စပ်ကုန်သွယ်ရေးပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၃၀ ကျော် ကျဆင်း

အခုဘဏ္ဍာနှစ် ပထမသုံးလမှာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတန်ဖိုး  အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်သာရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး လုပ်နေတဲ့ စခန်းငါးခုထဲက လေးခုမှာ ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့ပါတယ်။
on September 19, 2022

နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ စုစုပေါင်း ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ ဖြစ်ခဲ့တာပါ။ နေအိမ်၊ အဆောက်အအုံ ၂၅,၃၇၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများဆုံး ဖြစ်ပါတယ်။
on September 9, 2022

လေးနှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ဝင်ရောက်

ပြီးခဲ့တဲ့ လေးနှစ်ရဲ့ (၂၀၁၉ မှ ၂၀၂၂ ခုနှစ်အထိ) ပထမ ခုနစ်လတာအတွင်းမှာ အသီးသီးဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကာလတူ နှိုင်းယှဥ်ကြည့်ရင် ၂၀၂၂ ခုနှစ်မှာ အနည်းဆုံး ဝင်ရောက်ခဲ့ပါတယ်။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော် လျော့ကျခဲ့တာ ဖြစ်ပါတယ်။
on September 1, 2022

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ စစ်ပြေးဒုက္ခသည်ဦးရေ သုံးသန်းနီးပါးရှိလာ

မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၀ ရက်အထိ ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အဓိကရုန်း ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေအပြင် နယ်စပ်ဖြတ်ကျော်ပြီး ဒုက္ခသည်တွေအဖြစ် တိမ်းရှောင်ခိုလှုံနေရတဲ့ အရေအတွက် နှစ်ရပ်ပေါင်းက ၂,၉၃၀,၂၀၁ ဦးထက်မနည်း ရှိလာပါပြီ။