ISP Data Matters
on August 17, 2022

၁၈ လတာကာလအတွင်း နိုင်ငံတဝန်းလုံးတွင် တိုက်ပွဲပေါင်း ၆,၆၀၀ ကျော် ဖြစ်ပွား

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ၁၈ လတာကာလ အတွင်း နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
on July 25, 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊ အဆောက်အအုံ ၂၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတွေဟာ စစ်အာဏာသိမ်းမှုအပြီး နေအိမ်နှင့် အဆောက်အအုံ အများဆုံး မီးရှို့ဖျက်ဆီးခံခဲဲ့ရတဲ့ ဒေသတွေဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၅,၈၅၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။
on June 15, 2022

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်ဦးရေ နှစ်သန်းခွဲကျော် ရှိလာ

မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခများနဲ့အဓိကရုဏ်းများကြောင့် နေရပ်စွန့်ခွာပြီး ပြည်တွင်းမှာ စစ်ပြေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ နယ်စပ်ဖြတ်ကျော်ပြီး ဒုက္ခသည်တွေအဖြစ် တိမ်းရှောင်ခိုလှုံနေကြရတဲ့ ဦးရေ စုစုပေါင်းက ၁၉၈၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်အထိ နှစ်သန်းခွဲကျော် (၂,၅၈၉,၁၁၂ ဦး) ရှိလာပြီ ဖြစ်ပါတယ်။
on June 9, 2022

တရုတ်နှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ကျဆင်း

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပထမဆုံး ပြန်လည်သတ်မှတ်ခဲ့တဲ့ မီနီဘတ်ဂျက်ကာလအတွင်း ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော် ရှိခဲ့ပါတယ်။
on June 6, 2022

သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၂၀၉ ဦးအထိ ရှိလာ

၂၀၂၂ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီးက ဦးကျော်မင်းယု (ခ) ဂျင်မီ၊ ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကို သေဒဏ်အတည်ပြုပြီး ကြိုးပေးဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။