Insight Emails
on January 17, 2025

၂၀၂၄ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်များ၏ စိတ်အတွေ့ဆုံး အကြောင်းအရာ ၁၀ ခု

၂၀၂၄ ခုနှစ်အတွင်း ISP-Myanmar က ထုတ်ဝေဖြန့်ချိခဲ့တာတွေကို အခြေပြုပြီး ပရိသတ်တွေရဲ့ စိတ်ကြိုက်ဖြစ်မှုတွေကို ပြန်ပြောင်းပြောပြချင်တာပါ။
on January 17, 2025

မြန်မာ့ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒ – စီးပွားမက်လုံးအပေါ်အခြေခံ​သော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ်

မြန်မာ – ထိုင်းကုန်သွယ်ရေးမှာ အဓိကကျတဲ့ အာရှလမ်းမကြီး ပြန်ဖွင့်နိုင်ရေး ထိုင်းနိုင်ငံဘက်က ကြိုးပမ်းလာတဲ့အပေါ် ဆန်းစစ်ခဲ့တဲ့ ‘မြန်မာ့ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒ – စီးပွားမက်လုံးအပေါ် အခြေခံသော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ်’ ကိုလည်း ပရိသတ်တွေ အဖတ်များခဲ့ပါတယ်။
on January 17, 2025

အနာဂတ်ဖက်ဒရယ်တပ်မတော် ဘယ်လိုရှိမလဲ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ များပြားလာပါတယ်။ ISP-Myanmar က သုတေသနပြု လေ့လာခဲ့ပြီး နည်းနာပိုင်းအရ အတည်ပြုနိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၅၀၀ ကျော်ရှိပါတယ်။
on January 17, 2025

နိုင်ငံကျွမ်းဆောက်၊ ပြည်ကြာလျှင် မှောက်ကရော့မည်

ISP-Myanmar ရဲ့ သုတေသနကွန်ရက် (ISP Research Network) အစီအစဉ်ကနေ နိုင်ငံအနှံ့မြို့နယ်ပေါင်း ၁၁၀ (မြို့နယ် စုစုပေါင်းရဲ့ သုံးပုံတပုံ)မှာ အချက်အလက်တွေ ရယူပြီး လူမှုစီးပွားသုတေသန လေ့လာမှုတွေကို လုပ်နေပါတယ်။
on January 17, 2025

တရုတ်နည်းတရုတ်ဟန် ဆန်ရှင်

၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေထဲက ၁၄ ခုထက်မနည်းကို တရုတ်အစိုးရက ပိတ်ခဲ့ပါတယ်။ တချိန်တည်းမှာလည်း မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေအပေါ် ‘ဖြတ်ငါးဖြတ်’မူကျင့်သုံးပြီး ဖိအားပေးပါတယ်။