ISP EXPLAINERS
By ISP Admin /
in ISP OnPoint /
on October 4, 2024
မြန်မာ့ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒ – စီးပွားမက်လုံးအပေါ် အခြေခံသော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ်
အမြတ်ဝေစုခွဲခြင်းအပေါ်အခြေခံသော ပဋိပက္ခအရှိန်လျှော့ရေးသည် ရေတိုတွင် အကျိုးတစုံတရာ ရှိကောင်းနိုင်သော်လည်း နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာမှုကို မတက်လှမ်းနိုင်ပါက ဆိုးပြစ်ပိုများရန်သာ ရှိပါသည်။ ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒကို ထည့်သွင်းမစဉ်းစားပါက မြန်မာ့အကျပ်အတည်း အဖြေရနိုင်ဖွယ်မရှိပေ။
By ISP Admin /
on September 3, 2024
နိုင်ငံကျွမ်းဆောက်၊ ပြည်ကြာလျှင် မှောက်ကရော့မည်
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီမှ ဇွန်လအတွင်း ပြည်သူများ ရင်ဆိုင်ကြုံတွေ့ရခဲ့သော လူမှုစီးပွားအခြေအနေများကို သိရှိနိုင်ရန် ISP-Myanmar ၏ Research Network အစီအစဉ်က လေ့လာခဲ့သည်။
By ISP Admin /
in ISP OnPoint /
on August 19, 2024
လုပ်ငန်းစဉ်ဗျူဟာလိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း
မြန်မာ့အကျပ်အတည်းမှ ထွက်မြောက်ရန်အတွက် မြန်မာလူထုလိုလားချက်နှင့်လည်း မကင်းကွာဘဲ၊ လက်တွေ့လည်းကျမည့် လုပ်ငန်းစဉ်ဗျူဟာ (process strategy) တရပ် မရှိမဖြစ် လိုအပ်နေပါသည်။
By ISP Admin /
in ISP Mapping /
on August 19, 2024
တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းနှင့် ဂိတ် ခြောက်ခုကို EAOs များ ထိန်းချုပ်ထား
မြန်မာ-တရုတ်နယ်စပ််ရှိ တရားဝင်ကုန်သွယ်ရေးစခန်းနှင့် ဂိတ် ရှစ်ခုအနက် ခြောက်ခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) များက ထိန်းချုပ်ထားသည်
By ISP Admin /
in ISP Mapping /
on August 19, 2024
ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း ကိုးခုကို AA က တစိတ်တပိုင်းထိန်းချုပ်ထား
ရခိုင်ပြည်နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ကိုးခုကို (၂၀၂၄ ခုနှစ် သြဂုတ် ၁၈ ရက်အထိ) အာရက္ခတပ်တော် (AA) က တစိတ်တပိုင်း ထိန်းချုပ်ထားသည်။
By ISP Admin /
in ISP Mapping /
on August 19, 2024
ရှမ်းမြောက်နှင့်ဆက်စပ်ဒေသများ၌ ထိန်းချုပ်ခံထားရသော တရုတ်စီမံကိန်း ၁၀ ခုရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ဆက်စပ်နေသော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၉ ခုရှိသည့်အနက် ၁၀ ခုကို (၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက်အထိ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များက အပြည့်အဝထိန်းချုပ်ထားသည်။
By ISP Admin /
in ISP Mapping /
on August 12, 2024
နယ်စပ်ကုန်သွယ်ရေး လမ်းဟောင်း၊ လမ်းသစ်နှင့် ဖြစ်နိုင်ခြေရှိသည့်လမ်းကြောင်းများ
ရှမ်းမြောက်ကုန်သွယ်ရေးလမ်း ရပ်တန့်သွားပြီးနောက် ကုန်သွယ်ရေးလမ်းသစ်လုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အလွန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) က ကျိုင်းတုံစခန်းကိုဖြတ်၍ အထူးဒေသ-၄ မိုင်းလားအဖွဲ့ (NDAA-ESS) ၏ မိုင်းလားဂိတ်မှ ကုန်သွယ်ခြင်းများရှိခဲ့သည်။
By ISP Admin /
in ISP Mapping /
on August 12, 2024
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတန်ဖိုး ၉၁ ရာခိုင်နှုန်းကို EAOs များ ထိန်းချုပ်ထား
အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်ကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းငါးခု၏ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံကျော် ရှိသည်။
By ISP Admin /
in ISP Mapping /
on August 12, 2024
အစုအပြုံလိုက်သတ်ဖြတ်မှု ၅၇ ခုအတွင်း အရပ်သား ၁,၂၂၄ ဦးထက်မနည်း သေဆုံး
အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများအပေါ် ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၅၇ ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား ၁,၂၂၄ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
By ISP Admin /
in ISP Mapping /
on August 12, 2024
ရှမ်းမြောက်ဒေသရှိ မြို့ပေါင်း ၆၀ ရာခိုင်နှုန်းကို စစ်ကောင်စီ လက်လွှတ်ခဲ့ရ
နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၃၃ ခုထက်မနည်းတွင် တိုက်ပွဲပေါင်း ၁၄,၄၅၇ ထက်မနည်း ဖြစ်ပွားခဲ့ပြီး မြို့ပေါင်း ၇၄ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က သိမ်းယူနိုင်ခဲ့ကြသည်။
By ISP Admin /
in ISP Mapping /
on August 12, 2024
စစ်တိုင်းတခုကျရှုံးပြီး ကိုးခုမှာ တိုက်ရိုက် စစ်မျက်နှာစာဖွင့် ရင်ဆိုင်နေရ
အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှ မြို့ပေါင်း ၁၉ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ဌာနချုပ်ကိုပါ သိမ်းယူထားသည်။
By ISP Admin /
in Event Recap Memo /
on July 26, 2024
ရှင်သူမှာပင် အသက်ရှူရပ်မတတ် – ရေနစ်သူ ဝါးကူထိုးသည့် စစ်မှုထမ်းဥပဒေ
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ISP Research Network ရဲ့ သုတေသနအခြေပြု တွေ့ရှိချက်တွေကို အခြေခံပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ထိခိုက်သက်ရောက်မှုတွေ အကြောင်း ဆွေးနွေးထားပါတယ်။