ISP EXPLAINERS
By ISP Admin /
in ISP Mapping /
on January 21, 2025
မြန်မာ-တရုတ် နယ်စပ်ဂိတ်သုံးခုကို တရုတ်နိုင်ငံ ဆက်ပိတ်ထား
စစ်ကောင်စီနှင့် MNDAA အကြား အပစ်ရပ်သဘောတူပြီးနောက် ရှမ်းမြောက်ရှိ ရန်လုံကျိုင်း၊ ချင်းရွှေဟော်နှင့် နမ့်တစ် ဂိတ်သုံးခုကို တရုတ်နိုင်ငံက ပြန်ဖွင့်လိုက်သည်။
By ISP Admin /
in ISP Mapping /
on January 20, 2025
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုနှင့် ဆက်စပ်အခြေအနေ
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခုရှိသည်။ ၎င်းတို့အနက် ခုနစ်ခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) နှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
By ISP Admin /
in ISP Mapping /
on January 20, 2025
နယ်စပ်တလျှောက် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေများ
‘စစ်ဆင်ရေး ၁၀၂၇’နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ၏ နယ်မြေထိန်းချုပ်နိုင်မှုပမာဏ ပိုမိုများပြားလာခဲ့သည်။
By ISP Admin /
in ISP Mapping /
on January 20, 2025
တရုတ်နယ်စပ်ရှိ ကုန်သွယ်စခန်းလေးခုကို EAOs များ ထိန်းချုပ်
မြန်မာ-တရုတ်နယ်စပ်တွင် တရားဝင်ကုန်သွယ်ရေးစခန်း ငါးခုရှိသည့်အနက် လေးခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) များက ထိန်းချုပ်ထားသည်။
By ISP Admin /
in ISP Mapping /
on January 20, 2025
မြန်မာ-တရုတ်နယ်စပ်ရှိ ဂိတ်ခြောက်ခုကို တရုတ်နိုင်ငံ ဆက်ပိတ်ထား
မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်ပေါင်း ၁၉ ခုအနက် ခြောက်ခုကို တရုတ်နိုင်ငံက ဆက်ပိတ်ထားသည်။ ထိုဂိတ်များမှာ UWSA ၊ MNDAA နှင့် TNLA တို့ ထိန်းချုပ်ထားသည့် ဂိတ်များဖြစ်သည်။
By ISP Admin /
in ISP Mapping /
on January 20, 2025
စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ပဋိပက္ခညွှန်းကိန်း မြင့်မား
တိုက်ပွဲဖြစ်ခဲ့သော မြို့နယ် ၂၄၃ မြို့နယ်၏ ပဋိပက္ခ ပြင်းထန်သက်ရောက်မှုအခြေအနေကို လုံခြုံရေး၊ လူသားချင်းစာနာမှုနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အကျပ်အတည်း စသော ညွှန်းကိန်းသုံးခုဖြင့် ISP-Myanmar က သုတေသနပြု လေ့လာခဲ့သည်။ ညွှန်းကိန်းသုံးခုလုံး ပြင်းထန်သက်ရောက်သော မြို့နယ် ၈၇ မြို့နယ်ရှိပါသည်။
By ISP Admin /
in ISP Mapping /
on January 20, 2025
စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၁၈၀ နီးပါး သိမ်းပိုက်ခံခဲ့ရ
စစ်ကောင်စီ၏ အခြေစိုက်စခန်းပေါင်း ၁၇၄ ခု*ထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းယူထားသည်။ အများစုမှာ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှဖြစ်ပြီး တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် အခြေစိုက်တပ်စခန်းပေါင်း ၁၄၁ ခုထက်မနည်း ဖြစ်ပါသည်။
By ISP Admin /
in ISP Mapping /
on January 20, 2025
ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်းအားလုံးကို AA ထိန်းချုပ်ထား
ရခိုင်ပြည်နယ်တွင် မဟာဗျူဟာကျ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုရှိပြီး အားလုံးကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။ ထိုအထဲတွင် သံတွဲ၊ အမ်းနှင့် ဂွမြို့တို့ရှိ လေအားလျှပ်စစ်စီမံကိန်းများကိုလည်း အပြည့်အဝထိန်းချုပ်ထားပါသည်။
By ISP Admin /
in ISP Mapping /
on January 20, 2025
ရှမ်းမြောက်နှင့် ဆက်စပ်ဒေသများ၌ တရုတ်စီမံကိန်း ၁၃ ခု ထိန်းချုပ်ခံရ
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မဟာဗျူဟာကျ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၃ ခုရှိသည့်အနက် ၁၃ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs)များက အပြည့်အဝထိန်းချုပ်ထားသည်။
By ISP Admin /
in ISP Data Matters /
on January 6, 2025
လွတ်ငြိမ်း ၁၆ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ပါဝင်
စစ်ကောင်စီ အာဏာသိမ်းချိန် လေးနှစ်နီးပါးကာလအတွင်း လွတ်ငြိမ်းခွင့် ၁၆ ကြိမ် ကြေညာခဲ့ပြီး အကျဉ်းကျခံနေရသူ ၁၀၁,၇၂၉ ဦးကို ပြန်လွှတ်ခဲ့သည်။ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား ၈,၇၆၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ပြန်လွှတ်ပေးသူ၏ ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ပါဝင်ခဲ့သည်။
By ISP Admin /
in ISP Mapping /
on December 24, 2024
ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း ၁၀ ခုကို AA က ထိန်းချုပ်ထား
ရခိုင်ပြည်နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ) အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။
By ISP Admin /
in ISP Mapping /
on December 24, 2024
ရှမ်းမြောက်နှင့်ဆက်စပ်ဒေသများ၌ ထိန်းချုပ်ခံထားရသော တရုတ်စီမံကိန်း ၁၃ ခုရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ဆက်စပ်နေသော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၃ ခုရှိသည့်အနက် ၁၃ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များက အပြည့်အဝထိန်းချုပ်ထားသည်။