ISP Mapping
on October 13, 2023

အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ

အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများအပေါ် ကျူးလွန်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၂၂ ခုထက်မနည်း ရှိခဲ့သည်။ ယခုညွှန်းပြမြေပုံသည် တနေရာတည်း၌ အနည်းဆုံး ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများအား စုစည်းထားခြင်းဖြစ်သည်။
on October 13, 2023

မုန်လိုင်ခက်ပေါက်ကွဲမှုနှင့် ဆက်စပ်အခြေအနေ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ညပိုင်းက မုန်လိုင်ခက် စစ်ရှောင်စခန်းတွင်ဖြစ်ခဲ့သော စစ်လက်နက် ကျရောက်ပေါက်ကွဲမှု အခြေအနေနှင့် ဆက်စပ်စဉ်းစားနိုင်ရန် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လိုင်ဇာမြို့အနီးရှိ စစ်ဘေးရှောင်စခန်းများ၊ စစ်ကောင်စီတပ်စခန်းများ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာချုပ်နယ်မြေနှင့် ရှေ့တန်းနယ်မြေများကို ဖော်ပြထားခြင်းဖြစ်သည်။
on June 30, 2023

တရုတ်စီမံကိန်းများအနီးတဝိုက်တွင် တိုက်ပွဲဖြစ်မှု ထက်ဝက်ကျော်လျော့ကျ

အာဏာသိမ်း နှစ်နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ မြို့နယ်တွေနဲ့ အခြား တရုတ်စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ မြို့နယ် ၆၁ ခုမှာ တိုက်ပွဲ ၂,၂၄၈ ကြိမ် ထက်မနည်း ဖြစ်ခဲ့ပါတယ်။
on May 24, 2023

ကုန်သွယ်ရေးစင်္ကြံ (ILSTC) နှင့် စီးပွားရေးစင်္ကြံ (CMEC) ပေါင်းစပ်ဖော်ဆောင်မှု

အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း – ရေကြောင်းကုန်သွယ်ရေးစင်္ကြံ (ILSTC) သည် တရုတ်နိုင်ငံအနောက်ပိုင်း ဒေသနှင့် အာဆီယံဒေသ အကြား ချိတ်ဆက်မည့် ဘက်စုံသယ်ယူပို့ဆောင်ရေးစင်္ကြံတခု ဖြစ်သည်။
on May 22, 2023

ဆိုင်ကလုန်းမိုခါ ဖြတ်သန်းရာလမ်းကြောင်းနှင့် ပဋိပက္ခအခြေအနေ

ဆိုင်ကလုန်းမိုခါ ဖြတ်သန်းသွားရာ လမ်းကြောင်းနှင့် အဓိကသက်ရောက်မှုရှိခဲ့သော ဒေသများ အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မူလရှိထားသော စစ်ပြေးဒုက္ခသည်များ အခြေအနေကို ဖော်ပြထားခြင်း ဖြစ်ပါသည်။