ISP Mapping
on December 21, 2022

ချင်းပြည်နယ်၌ တိုက်ပွဲပေါင်း ၅၉၀ ကျော် ဖြစ်ပွားခဲ့

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာလအထိ ချင်းပြည်နယ်က မြို့နယ် ကိုးခုလုံးမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ စစ်ကောင်စီနဲ့ EAOs တွေအကြားမှာ ဖြစ်ခဲ့တာပါ။
on November 25, 2022

တရုတ်စီမံကိန်းများ၏ အနီးတဝိုက် ဆက်စပ်နေရာများတွင် တိုက်ပွဲဖြစ်မှု နှစ်ဆ ပိုများလာ

အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ရက်အထိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ရှစ်ခုက မြို့နယ် ၄၃ ခုမှာ တိုက်ပွဲ ပေါင်း ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
on November 16, 2022

ကွမ်ရှီး-ရန်ကုန် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းသစ်

ကွမ်းရှီး-ရန်ကုန် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းသစ်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ စဖွင့်ခဲ့ပါတယ်။ ဒီလမ်းသစ်ဟာ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်က တောင်တရုတ်ပင်လယ် ဘေ့ဘူး (Beibu) ပင်လယ်ကွေ့ဆိပ်ကမ်းမှာ ရှိနေတဲ့ ချင်းကျိုးဆိပ်ကမ်းကနေ မြန်မာနိုင်ငံ ရန်ကုန် ဆိပ်ကမ်းအကြား တိုက်ရိုက်ချိတ်ဆက်မှာပါ။
on August 15, 2022

တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ

အာဏာသိမ်းပြီးနောက်မှာ မြန်မာ-တရုတ် ရေနံပိုက်လိုင်းလုံခြုံရေးကို တရုတ်ဘက်က အလေးပေးပြီး အကြိမ်ကြိမ်ဆွေးနွေးခဲ့ပါတယ်။ ဇူလိုင်လ အစောပိုင်းကလည်း မဲခေါင်-လန်ချန်း ထိပ်သီး အစည်းအဝေးတက်ရောက်ဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံရာမှာ တရုတ်-မြန်မာရေနံပိုက်လိုင်း လုံခြုံရေးကို အာမခံပေးဖို့ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
on July 15, 2022

မြန်မာနိုင်ငံ အရှေ့တောင်ဒေသ ပဋိပက္ခမြေပုံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်အတွင်း စစ်ကောင်စီနှင့် ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၄,၇၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။