ISP Mapping
on June 27, 2024

တြိဂံတိုင်းမှလွဲ၍ ကျန်တိုင်းစစ်ဌာနနယ်မြေများတွင် ပြင်းထန်စစ်ရေးပဋိပက္ခများ ရှိနေ

အာဏာသိမ်းမှုအလွန် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခများအတွင်း စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်များ၏ အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိသည့်အနက် ၁၀ ခုတွင် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
on May 27, 2024

မြို့နယ်စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းတွင် ပဋိပက္ခညွှန်းကိန်းများအားလုံး မြင့်မား

မြို့နယ်များ၏ ပဋိပက္ခပြင်းထန်သက်ရောက်မှု အခြေအနေကို ISP-Myanmar က အညွှန်းကိန်းသုံးခုဖြင့် မြို့နယ်တခုချင်းစီအလိုက် လေ့လာခဲ့ပါသည်။
on May 27, 2024

စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အကျပ်အတည်းမြင့်မား

နိုင်ငံအနှံ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အညွှန်းကိန်း အကျပ်အတည်းမြင့်မားနေသည့် မြို့နယ်ပေါင်း ၁၀၀ အထိ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှ ၂၇ မြို့ပါဝင်ကာ အများဆုံးဖြစ်ခဲ့သည်။
on May 27, 2024

စစ်ကိုင်းတိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း အမြင့်မားဆုံးဖြစ်ခဲ့

တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များ၏ ပဋိပက္ခပြင်းထန်သက်ရောက်မှုအခြေအနေကို လေ့လာရာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း အညွှန်းကိန်းကို (မြို့နယ်တခုချင်းစီအလိုက် နေရပ်စွန့်ခွာ စစ်ပြေးဒုက္ခသည်အရေအတွက်ကို အခြေခံ၍) ထည့်သွင်းလေ့လာခဲ့ပါသည်။
on May 27, 2024

မြို့နယ်စုစုပေါင်း၏ ၄၉ ရာခိုင်နှုန်းတွင် လုံခြုံရေးဆိုင်ရာ ပြင်းထန်သက်ရောက်မှု မြင့်မား

တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များ၏ ပဋိပက္ခပြင်းထန်သက်ရောက်မှုအခြေအနေကို လေ့လာရာတွင် လုံခြုံရေးဆိုင်ရာ ပြင်းထန်သက်ရောက်မှုအညွှန်းကိန်းကို (မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းတိုက်ခိုက်ခံရမှု၊ နေအိမ်၊ အဆောက်အအုံမီးရှို့ဖျက်ဆီးခံရမှုနှင့် သေဆုံးမှုများကို အခြေခံ၍) ထည့်သွင်းလေ့လာခဲ့ပါသည်။