ISP Mapping
on May 6, 2022

ကရင်နီဒေသ ပဋိပက္ခမြေပုံ

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းပေါ်ပေါက်လာတဲ့ ခုခံတွန်းလှန်စစ်တွေထဲမှာ ကရင်နီဒေသလို့ ခေါ်ကြတဲ့ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်တို့ဟာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာခဲ့တဲ့ ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။
on April 29, 2022

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ

မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့စီစဥ်နေတဲ့ တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ  အများဆုံး ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေတင် ပိုများလာတာမဟုတ်ဘဲ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံက ကျယ်ပြန့်လာပါတယ်။
on February 11, 2022

မြန်မာနိုင်ငံ အနောက်မြောက်ဒေသ ပဋိပက္ခမြေပုံ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့တဲ့ ခုခံတွန်းလှန်မှုတွေထဲမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ ပါဝင်တဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဒေသကလည်း အထင်ရှားဆုံး တခု ဖြစ်ခဲ့ပြီး အခုချိန်အထိ ခုခံတွန်းလှန်မှုတွေ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။
on February 4, 2022

တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ

မြန်မာနိုင်ငံအတွင်း တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ အာဏာသိမ်းမှု မဖြစ်ခင်အချိန်ကတည်းက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံး ရှိနေပါတယ်။